9 October 2011

ကုမ္ပဏီများနှင့် ပြည်ပရောက် မြန်မာလုပ်သားများ ကားသွင်းခွင့်ပြုရေး လုပ်ဆောင်ဆဲ


အစိုးရသစ်၏ ကားသွင်းခွင့် အစီအစဉ်သစ်တွင် တစ်ခုအပါအဝင် ဖြစ်သော ဘဏ်အပ်ငွေ ဒေါ်လာတစ်သိန်း ရှိသည့် ကုမ္ပဏီများနှင့် ဘဏ်အပ်ငွေ ဒေါ်လာသုံးသောင်း ရှိသည့် ပြည်ပရောက် မြန်မာ အလုပ်သမားများကို ကားသွင်းခွင့် ပေးမည် ဆိုသော အစီအစဉ်မှာ အဆင့်လိုက် လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်က ပြောကြားသည်။
လတ်တလော ကာလတွင် ကားဟောင်းအပ်သူများကို ကားတင်သွင်းခွင့် အထူးပါမစ် ထုတ်ပေးခြင်းကို ပထမအဆင့် အနေဖြင့် ဦးစားပေး လုပ်ဆောင်ပေးနေကြောင်း၊ ဒုတိယ အဆင့်အဖြစ် မော်တော်ယာဉ် အရောင်းပြခန်းများ ဖွင့်လှစ်ခွင့်ကို ပေးမည့် ကိစ္စကို စီစဉ် ဆောင်ရွက်နေကြောင်း၊ ယင်းနောက် ပြည်ပရောက် မြန်မာလုပ်သားများ ကားသွင့်ခွင့်နှင့် ပို့ကုန်လုပ်ငန်းများ ကားသွင်းခွင့်အတွက် အဆင့်လိုက် လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း၊ ပြည်ပရောက် အခွန်ဆောင် ထားသည့် မြန်မာလုပ်သားများကို ကားသွင်းခွင့် ပေးသွားရန် အစီအစဉ် ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။အစိုးရသစ်၏ ကားတင်သွင်းခွင့် အစီအစဉ်သစ်တွင် မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုနှင့် ကုန်သွယ်ရေး ဘဏ်များတွင် ဒေါ်လာတစ်သိန်း သွင်းထားသည့် ကုမ္ပဏီများနှင့် ဒေါ်လာသုံးသောင်း သွင်းထားသည့် ပြည်ပရောက် မြန်မာအလုပ်သမားများကို ကားတင်သွင်းခွင့် ပေးမည် ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများနှင့် ပြည်တွင်း မီဒီယာများ မှတဆင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်သည်။
soruce: the voice weekly

No comments:

Post a Comment