21 October 2011

ရမည်း သင်းမြို့နယ်၊ မိုးထိ မိုးမိဒေသ၊ ရွှေစင်တောင်၊ ထုံးကြီးတောင် နေရာတွင် အမျိုးသား ကြီးပွားတိုး တက်ရေး ကုမ္ပဏီလီမိ တက်က ငါး နှစ် လုပ်ကိုင်ခွင့်ရ ရှိ


မန္တလေးတိုင်း ဒေသကြီး ရမည်း သင်းမြို့နယ်၊ မိုးထိ မိုးမိဒေသ၊ ရွှေစင်တောင်၊ ထုံးကြီးတောင် နေရာတွင် သတ္တု မြေစာများမှ သန့်စင်ပြီး ၉၉ ဒသမ ၉၉ ရွှေစင် ထုတ်ယူခြင်း ဆောင်ရွက်မှု လုပ် ငန်းကို အမျိုးသား ကြီးပွားတိုး တက်ရေး ကုမ္ပဏီလီမိ တက်က ငါး နှစ် လုပ်ကိုင်ခွင့်ရ ရှိသွားကြောင်း သတ္တုတွင်း ဝန်ကြီးဌာန အမှတ် (၂)သတ္တုတွင်း လုပ်ငန်းမှ စုံစမ်းသိ ရှိရသည်။ ထိုသို့ ဆောင်ရွက်မှု လုပ်ငန်း လုပ်ကိုင်ခွင့်အတွက် အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီလီ မိတက်သည် ဈေးအမြင့် ဆုံးပေးပြီး ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း အ မှတ်(၂) သတ္တုတွင်း ဝန်ကြီးဌာန စီမံကိန်းဌာနခွဲမှ တင်ဒါအဖွဲ့တွင် ပါဝင်ဆောင်ရွက်သူ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“အမျိုးသားကြီးပွားတိုးတက် ရေး ကုမ္ပဏီလီမိတက်က ဈေးအ မြင့်ဆုံးပေးပြီး ကမ်းလှမ်းခြင်းဖြစ် တဲ့အတွက် ဆောင်ရွက်ခွင့်ရရှိ တာပါ” ဟု ၎င်းကပြောသည်။ အ မျိုးသားကြီး ပွား တိုးတက်ရေး ကုမ္ပ ဏီက ရမည်းသင်းဒေသတွင် မြေ ဇာမှ သန့်စင်ထုတ်ယူခွင့်ရရှိသည် မှာမှန်ကန်ကြောင်း ကုမ္ပဏီမှတာ ဝန်ရှိသူတစ်ဦးကလည်း အတည် ပြုပြောကြားသည်။ အဆိုပါ ဒေသတွင် သတ္တု မြေစာများမှ သန့်စင်ပြီး ၉၉ ဒသမ ၉၉ ရွှေစင်ထုတ်ယူခြင်းဆောင် ရွက်မှုလုပ်ငန်းကို အမျိုးသားကြီး ပွားတိုးတက်ရေး ကုမ္ပဏီလီမိတက် က ငါးနှစ်လုပ်ကိုင်ခွင့်ရရှိကြောင်း သိရှိရပြီး ယင်းကုမ္ပဏီ သည် အစိုးရ ကို ရွှေ၅ ဒသမ ၇၇ တန်ရွှေပေးသွင်း ရမည်ဖြစ်ကြောင်း သိရသည်။
သတ္တုတွင်း ဝန်ကြီးဌာန၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်း သည် ရွှေသတ္တုတူးဖော်လိုသူ နိုင်ငံသားပိုင် ပြည်တွင်း သတ္တုတူး ဖော်ရေးကုမ္ပဏီများနှင့် ပူးပေါင်း ပြီး ယင်းနေရာကို ပုဂ္ဂလိကရင်း နှီးမြှုပ်နှံမှု လုပ်ငန်း အဖြစ် ဆောင် ရွက်နိုင်ရန် ပြီးခဲ့သည့် စက်တင် ဘာ ၄ ရက်က နိုင်ငံပိုင်သတင်း စာတွင် ကြေညာ၍ ကမ်းလှမ်း ခဲ့ ခြင်းဖြစ်သည်။ အစိုးရဘက်မှ ကမ်းလှမ်းချက်တွင် ငွေကြေးပိုင်း ၌ တင်ဒါလျှောက်ထား လိုသည့် နိုင်ငံသားပိုင် ပြည်တွင်း သတ္တုတူး ဖော်ရေး ကုမ္ပဏီများသည် အနည်း ဆုံးမ တည်ရင်းနှီးငွေ အမေရိကန် ဒေါ်လာ ၂ သန်းနှင့် မြန်မာကျပ် ငွေသန်းပေါင်း ၁ç၅၀ဝ ရင်းနှီးနိုင်ရ မည်ဖြစ်ကြောင်းနှင့် ငွေကြေးခိုင် မာမှု (Bank Statement) တို့ ပါ ဝင်သည်။
source:Yoyarlay

No comments:

Post a Comment