9 October 2011

စပါးဈေးနှုန်းမှာလည်း မြင့် တက်နေ


စပါးထွက်ရှိရာ ရန်ကုန်တိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးစတဲ့ ဒေသများအပါအဝင် နယ်
ဒေသများတွင် စပါးဈေးနှုန်းမှာလည်း မြင့် တက်နေသောကြောင့် ရန်ကုန်တိုင်းဒေသ ကြီးတွင်းရှိ ဆန်ဈေးနှုန်းများမြင့် တက် လျက်ရှိကြောင်း ဘုရင့်နောင် ဆန်ကုန်သည် များထံမှ သိရှိရသည်။ စပါးထွက်ရှိရာ နယ်ဒေသများတွင် စက်တင်ဘာလပိုင်းတွင် ဧည့်မထ အုပ်စုဝင် ဆန်ကြမ်းစပါးများမှာ တင်း ၁၀ဝ လျှင် ငါးသိန်းလောက်ထိ ပေါက်ဈေးရှိခဲ့ပြီး၊ ယခုအခါ နယ်စပါးလှောင်လက်များက အများ အပြားဝယ်ယူ လာကြသောကြောင့် ကျပ်ငါးသိန်း ၅ သောင်းကျော်မှ ကျပ်၆သိန်း အထိ ဈေးကောင်း ရရှိနေခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးတွင်းရှိ စပါးစိုက် တောင်သူများထံမှ သိရသည်။ ယခုနှစ်တွင် မိုးရွာသွန်းမှုများခြင်း ကြောင့် လယ်ကွင်းများ ရေမြှုပ်ပြီး ပျက်စီးမှု များဖြစ်ပေါ်ခဲ့သည့်အတွက် စပါးရှားပြီး ဈေးကောင်း နေခြင်းဖြစ်ကြောင်း ဦးမင်း ဆွေက ပြောသည်။ သယ်ယူပို့ဆောင်ရေးစရိတ် ကြောင့် လည်း ဆန်ဈေးမှာ ယခင်ကထက်ပိုပြီး မြင့် တက်နေခြင်းဖြစ်ကြောင်း ဘုရင့်နောင် ဆန် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ဘုရင့်နောင်ဈေးကွက်တွင် စက်တင် ဘာလပိုင်း၌ ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၂၂၀ဝ၀ ဝန်း ကျင်ခန့်သာ ရှိခဲ့သော်လည်း ယခု အောက်တိုဘာလပိုင်း၌ တစ်အိတ်လျှင် ကျပ် ၂၅၀ဝ၀ ဝန်းကျင်ခန့်မှ ကျပ် ၃ သောင်းကျော်အထိရှိလာကြောင်း၊ ဆန်ချော ဈေးမှာလည်း စက်တင်ဘာလပိုင်း၌ တစ် အိတ်လျှင် ကျပ် ၂၈၀ဝ၀ ဝန်းကျင်ခန့်သာ ရှိခဲ့သော်လည်း ယခုအောက်တိုဘာ လပိုင်း ၌ တစ်အိတ်လျှင် ကျပ် ၃၆၀ဝ၀ ဝန်းကျင် ခန့်အထိ မြင့်တက်လျက်ရှိကြောင်း ဈေး ကွက် အတွင်းမှသိရှိရသည်။
 source: yoyarlay

No comments:

Post a Comment