20 October 2011

ထိုင်းနိုင်ငံ ဘန်ကော်မြို့တော်ထဲကို ဝင်လာနေတဲ့ ရေတွေကို ဆက်ပြီးမတားနိုင်တော့

တစ တစတက်လာနေတဲ့ ရေတွေကို ဘန်ကောက် မြို့မှာရှိတဲ့ တူးမြောင်းတွေကနေ ပင်လယ်ထဲကို စီးဝင်သွားနိုင်ဖို့ ရေတံခါးတွေကို ဖွင့်ဖို့ ဝန်ကြီးချုပ် Yin Yingluck Shinawatra က တာဝန်ရှိသူတွေကို ဒီကနေ့ ကြာသပတေးနေ့မှာ အမိန့်ပေးလိုက်ပါတယ်။

ဒါဟာ August လမှာမှ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဝန်ကြီးချုပ် Yingluck အတွက် ပထမဆုံး ရင်ဆိုင်ရတဲ့ ပြဿနာကြီးဖြစ်ပါတယ်။ ဘန်ကောက်မြို့တော်ရဲ့ မြောက်ပိုင်းရပ်ကွက်တွေမှာ ရေတွေ စတင်ကြီးနေချိန်မှာ မြို့လယ်မှာရှိတဲ့ တူးမြောင်းတွေကနေ ရေတွေလျှံတက်လာမှာလား ဆိုတာကို အတိအကျ မပြောနိုင်ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဘန်ကောက်မြို့လယ်က လူတွေကတော့ ရေကြီးမှုကို ကာကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ သဲအိတ်တွေကို ချနေကြပါတယ်။ ဝန်ကြီးချုပ်က ရေတံခါးတွေကို ဖွင့်ဖို့ အမိန့်ပေးလိုက်တဲ့အတွက် လူတွေဟာ အစားအသောက်တွေ၊ အခြေခံလိုအပ်တဲ့ ပစ္စည်းတွေကို အလုအယက် ဝယ်နေကြတဲ့အတွက် လိုအပ်တာထက် ပစ္စည်းတွေကို မဝယ်ကြဖို့ တာဝန်ရှိသူတွေက သတိပေးနေရပါတယ်။

တံတားတွေ အဝေးပြေးလမ်းမတွေပေါ်မှာလည်း မော်တော်ယာဉ်တွေ မရပ်ဘဲ ဖယ်ရှားထားပေးဖို့ ဒေသခံတွေကို အမိန့်ပေးထားပါတယ်။ ထိုင်းနိုင်ငံအလယ်ပိုင်းမှာ ကြီးနေတဲ့ ရေတွေက အတားအဆီးတွေကို ကျော်လွှားပြီး ဘန်ကောက်မြို့တော် မြောက်ပိုင်း လမ်းမတွေအထိ ဒီကနေ့ ကြာသပတေးနေ့မှာ စတင်ပြီး ဝင်ရောက်လာတာဖြစ်ပါတယ်။

ရေကြီးမှုကြောင့် တနေ့ကိုအစင်း ၆ ထောင်လောက် ထုတ်လုပ်နေတဲ့ ဂျပန်မော်တော်ကား စက်ရုံတွေလည်း ရပ်ထားရပါတယ်။ တခြားစက်မှု လက်မှုလုပ်ငန်းတွေလည်း ထိခိုက်နေပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ Sony Electronic ကုမ္ပဏီက နောက်ဆုံးပေါ် SLR ကင်မရာတမျိုးကို တကမ္ဘာလုံးမှာ စတင်ရောင်းချဖို့အစီအစဉ်ကိုလဲ ရွှေ့ဆိုင်းလိုက်တယ်လို့ Sony က ပြောပါတယ်၊ လာမဲ့ရက်ပိုင်းတွေမှာ အဆိုးဆုံး အခြေအနေတွေဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ထိုင်းနိုင်ငံမှာ အနှစ် ၅၀ အတွင်း အဆိုးဆုံးရေကြီးမှုကြောင့် သေဆုံးသူ ၃၂၀ လောက်ရှိသွားပြီး လူပေါင်း ၉ သန်းလောက် ရေဘေး ဒုက္ခရောက်နေကြပါတယ်။ ဗီယက်နမ်၊ (Vietnam,)၊ ကမ္ဘောဒီးယား၊ (Cambodia) နဲ့ လာအို Laos နိုင်ငံတွေမှာလည်း ရေတွေကြီးနေပါတယ်။

ထိုင်းဝန်ကြီး ချုပ် ယင်လပ် က တော့ ” ရေ တွေ ကို မြို့  ထဲ ၀င်မလာရ အောင် တားထား ဖို့  မဖြစ်
နိုင် တော့ ဘူး မြို့  တော် ကို ဖြတ် ပြီး ပင် လယ် ထဲ စီးဝင် စေဖို့  ပဲ ရှိတယ်၊ ရေ တွေ ကိ နေရာ ပေါင်း
စုံကနေ ဘန်ကောက် ကို စီးဝင်လာတာ ” လို့  မီဒီယာ တွေ ကိုပြော ပါတယ်။

တကယ်လို့  ပင်လယ် ရေ နဲ့  ဘန်ကောက် မြို့  ပေါ် မှာ ဖုံးလွှမ်း နေတဲ့ ရေ တွေ ဟာ ရေမျက်နှာ
ပြင် ညီမျှ သွား ခဲ့ ရင် ပင်လယ် ရေ တွေ လည်း တစ်ခါ ပြန် တိုး ၀င် လာ နိုင် ပြီး ၊ ပင်လယ် တွင်း
က အန္တရာယ် ရှိ တဲ့ သတ္တ၀ါ တွေ လည်း ၀င်ရောက် နိုင်တယ် လို့  ဆိုပါတယ်။

ဘန်ကောက် မြို့ တော်ဝန် ဆွန်ခွန်ဘန် ပရီဘတရာ က ပင်လယ် တွင်း ကို ရေတွေ စီးသွား နိုင်
အောင် ရေထိန်း တံ ခါးတွေ ကို အကုန် ဖွင့် ပေး မယ် လို့  ဆိုပါတယ်။

ဘန်ကောက် ရေကြီး မှု ကြောင့် စက်ရုံ အလုပ် ရုံ တွေ အကုန် ပိတ်ထား ရ ပြီး တစ်နိုင်ငံ လုံး မှာ
တော့ စက်ရုံ ပေါင်း ၁၄၀၀၀ ကျော် ပိတ်ထား ရပါတယ်။

သီတသင်း နှစ်ပတ် ကျော် ကြာပြီ ဖြစ် တဲ့ ရေကြီးမှု ကြောင့် နိုင်ငံ ခြား က လာရောက် ရင်းနှီး မြုပ် နှံ
တဲ့ ကုမ္ပဏီ တွေ ဖြစ် တဲ့ တိုယိုတာ၊ဆိုနီ၊ မိုက်ခရို ဆောဖ် စတဲ့ ကုမ္ပဏီ တွေ ဟာ အရှုံး နဲ့  ရင်
ဆိုင် နေရပါတယ်။

ရေကြီး မှု က လူ သိန်း နဲ့  ချီ အိုးမဲ့ အိမ်မဲ့ ဖြစ်စေကာ ထိုင်း ရောက် မြန်မာ လူမျိုး တွေ လည်း စက်
ရုံ တွေ ပိတ်ထား ရ လို့  ၀င်ငွေ ထိခိုက် နေပါတယ်။

ထိုင်း နိုင်ငံ ရဲ့  နေရာ အချို့ မှာ ရိက္ခာ နဲ့  စားသောက် ဖွယ်ရာ တွေ ပြတ် လပ် မှု ဖြစ် ပေါ် နေကာ
ရေ သန့်  ရ ရှိ မှု က လည်း တစ်နေ့ ထက် တစ်နေ့  ဆိုးရွား လာ နေပါတယ်။

ရေဘေး ဒုက္ခသည် တွေ ကို အရင်က သီးသန့်ေ နရာ တွေ ဖြစ်တဲ့ စစ်တပ် နဲ့  တက္ကသိုလ် တွေ
ထဲ မှာပါ နေရာ ချပေး ထား ရပါတယ်။

source: VOA ,yeyintnge

No comments:

Post a Comment