15 October 2011

ကမ္ဘာ့မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေပြုလုပ်


နိုင်ငံ တကာ ဘဏ်လုပ်ငန်း တွေရဲ့ အလို ရမ္မက် ကြီးမားမှုနဲ့ အုပ်ချုပ်ရေး ညံ့ဖျင်း မှုတွေ ကြောင့် ကမ္ဘာ မှာ လတ်တလော စီးပွားရေး ကျဆင်း မှုတွေ နဲ့ ရင်ဆိုင် နေရတာ လို့ ရှုမြင် ကြသူ ထောင်ပေါင်း များစွာဟာ ကမ္ဘာတဝှမ်းက မြို့ကြီး တော်တော်များများ မှာ ချီတက် ဆန္ဒပြခဲ့ ကြပါတယ်။
ဒီဆန္ဒပြပွဲ တွေ ဟာ အာရှ ဒေသတွင်းက မြို့ကြီး တွေမှာ စခဲ့ တာ ဖြစ်ပြီး တဖြည်းဖြည်းနဲ့ ကမ္ဘာတဝှမ်း က မြို့ကြီး တွေ တမြို့ ပြီး တမြို့ မှာ ဆန္ဒပြပွဲ တွေ ဆက်ခဲ့ တာ ပဲ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စု မှာတော့ သတင်း ပတ်ပေါင်း တော်တော် ရလာပြီ ဖြစ်တဲ့ ဝေါ်လ်စထရိ ဆန့်ကျင်ရေး ဆန္ဒပြ ပွဲတွေ ရဲ့ နောက်ဆက်တွဲ အဖြစ် ဆန္ဒ ပြပွဲ ကြီးတွေ ပြုလုပ် ခဲ့ကြ ပါတယ်။
ဝါရှင်တန် မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲ ကြီးမှာ လူမှုအခွင့်အရေး လှုပ်ရှားသူ ခေါင်းဆောင် တဦး ဖြစ်တဲ့ ဂျက်ဆီ ဂျက်ဆင် က ချမ်းသာတဲ့ လူနည်းစု သာ အင်မတန် ကြွယ်ဝ နေကြပေမယ့် တခြား လူတွေမှာတော့ ဘာမှ မရှိကြဘူးလို့ ဆန္ဒပြသူ လူအုပ်ကြီးကို ပြောကြားခဲ့ ပါတယ်။
ဥရောပ တလွှားမှာရှိ ကြတဲ့ မြို့ကြီး တွေမှာလဲ လူထောင်ပေါင်း များစွာ ချီတက် ဆန္ဒပြခဲ့ ကြပါတယ်။ အီတလီ နိုင်ငံ ရောမမြို့မှာ ဆန္ဒပြသူ တချို့က ဘဏ်တွေနဲ့ ဈေးဆိုင် တချို့ရဲ့ ပြူတင်းပေါက် တွေကို ဖျက်ဆီးခဲ့ ကြတဲ့ အတွက် ရဲက မျက်ရည်ယို ဗုံးတွေ သုံးပြီး လူစု ခွဲခဲ့ရပါတယ်။ အဲဒါကြောင့် လူတချို့လဲ ထိခိုက်ဒဏ်ရာ ရခဲ့ ကြတယ်လို့ ဆိုပါတယ်။ စပိန်က မဒရစ် မြို့လယ်မှာလဲ လူပေါင်းများစွာ ဆန္ဒပြခဲ့ကြ သလို တခြား မြို့ ကြီး တွေ ဖြစ်ကြတဲ့ လန်ဒန်၊ ဖရဲန့်ဖတ်ခ် နဲ့ အေသင် မြို့တွေမှာလဲ ဆန္ဒပြပွဲ တွေ ပြုလုပ်ခဲ့ကြ ပါတယ်။
source: bbc

No comments:

Post a Comment