Shwe Kawlin သတင်းရပ်ဝန်း

22 October 2011

မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဆက်လုပ်ဖို့ ဂျပန်အားပေး


မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဂျပန်ခရီးစဉ်အတွင်း ဂျပန်အစိုးရအရာရှိ Osamu Fujimura က ကြိုဆို နှုတ်ဆက်နေစဉ် (အောက်တိုဘာလ ၂၀၊ ၂၀၁၁)
ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအပြောင်းအလဲတွေကို စောင့်ကြည့်နေပြီး အပြောင်းအလဲတွေ အတွက် အားပေးမှု ထောက်ခံကူညီမှုတွေ လုပ်သွားဖို့ရှိတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဂမ်ဘ (Gamba) က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ဂျပန်ခရီးစဉ်အတွင်း မနေ့က ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ် နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။


ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဂမ်ဘ နဲ့ ဂျပန်ကို ချစ်ကြည်ရေးခရီး ရောက်နေတဲ့ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်နိုင်မယ့် အလားအလာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံရေး အခြေအနေ ဖြစ်ထွန်းမှု အခြေအနေ အပေါ်မှာလည်း ဆွေးနွေးဖြစ်တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ကတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဆက်ဖြစ်သွားဖို့ အားပေး တိုက်တွန်းခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မစ္စတာ မီနာမီက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
“မြန်မာနိုင်ငံတွင်းက နိုင်ငံရေးဖြစ်ထွန်းမှုတွေကို မစ္စတာ ဂမ်ဘအနေနဲ့ သုံးသပ် လေ့လာထားပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒီလို ဖြစ်ထွန်းတိုးတက်မှုတွေကို ဆက်လုပ်သွားနိုင်ဖို့ ဂျပန်အနေနဲ့ ထောက်ခံ ကူညီလိုပါတယ်လို့ မစ္စတာဂမ်ဘ က ပြောခဲ့ပါတယ်။”
အခု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ခရီးစဉ်အတွင်း ဂျပန်-မြန်မာ နှစ်ဖက်ဆွေးနွေးဖို့အထဲမှာ အဓိကအချက်ကတော့ ဂျပန်ဘက်က ဖွံ့ဖြိုးရေးအကူအညီတွေ မြန်မာကို ပြန်ပေးဖို့ဆိုတဲ့အချက် ပါဝင်ပါတယ်။ အရင်ဆုံးတော့ ရပ်နားထားတဲ့ အကူအညီလုပ်ငန်းတွေ ပြန်ပေးဖို့ ဂျပန်ဘက်က စတင် စဉ်းစားနေပြီလို့ ဂျပန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားတဲ့ အချိန်ကာလအတွင်းမှာ ဂျပန်ဘက်က ရပ်နားထားတဲ့ စီမံကိန်းလုပ်ငန်း နှစ်ရပ်ရှိပါတယ်။ အခုချိန်မှာတော့ ဒီစီမံကိန်းနှစ်ခုစလုံးကို ပြန်လည် စတင်နိုင်ဖို့အတွက် ဂျပန်ဘက်ကနေ ပြန်လည်စဉ်းစားနေပြီလို့ နိုင်ငံခြားရေးဝန်ကြီး ဂမ်ဘ က ပြောပါတယ်။”
ရပ်နားထားရတဲ့ ဂျပန်စီမံကိန်းနှစ်ခုမှာ တစ်ခုကတော့ လောပိတ ရေအားလျှပ်စစ်ဓါတ်အားပေးလုပ်ငန်း ပြန်လည် မွမ်းမံရေးစီမံကိန်းဖြစ်ပြီး အဲဒါကိုတော့ ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရပြီးနောက် ဂျပန်က ယာယီရပ်ဆိုင်းထားခဲ့တာပါ။ နောက်တစ်ခုကတော့ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဌာန တည်ဆောက်ရေး စီမံကိန်းဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ ယာယီရပ်ဆိုင်းထားတာဖြစ်ပါတယ်။
အခုလို ဖွံ့ဖြိုးရေးအကူအညီတွေအပြင် စီးပွားရေးဆိုင်ရာ အကူအညီတွေ အထောက်အပံ့တွေကိုပါ ပေးဖို့ ဂျပန်ဘက်က စဉ်းစားနေပါတယ်။
“မကြာသေးခင်ကာလအတွင်းမှာပဲ ဂျပန်ဘက်က စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတွေ အတော်များများ မြန်မာပြည်ကို သွားရောက် လေ့လာတာတွေ ရှိခဲ့ပါတယ်။ မြန်မာအစိုးရရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု ကိစ္စရပ်တွေမှာ ဂျပန်အစိုးရအနေနဲ့ ပူးပေါင်း လုပ်ဆောင်သွားဖို့ အဆင်သင့်ရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဂမ်ဘက ပြောပါတယ်။”
ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ နှစ်ဦး တွေ့ဆုံစဉ်အတွင်း နှစ်ဘက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် လေးခုကို ဆွေးနွေးခဲ့ကြပါတယ်။ နှစ်ဘက် အဆင့်မြင့် အစိုးရတာဝန်ရှိသူတွေ အကြား အပြန်အလှန်ဆက်ဆံရေးကိစ္စ၊ စီးပွားရေး အထောက်အပံ့ အကူအညီတွေ ဂျပန်ဘက်က ပေးဖို့ကိစ္စ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စ၊ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ် ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်ရေး အစီအစဉ်အောက်မှာတော့ ရှေးဟောင်း ဘုရားပုထိုးတွေ ပြန်လည် ပြုပြင်ရေး အစီအစဉ်တွေ ပြန်စဖို့ကိုလည်း နှစ်ဘက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အခု ခရီးစဉ်ဟာဆိုရင် မြန်မာနဲ့ဂျပန်အကြား နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆက်ဆံရေး ၁၆ နှစ်အတွင်း ပထမဆုံး ပြန်လည် စတင်လိုက်နိုင်တာလည်း ဖြစ်ပါတယ်။
  • ဗွီအိုအေသတင်း
Posted by shwe kawlin at 10/22/2011 07:25:00 pm
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

Pages

  • Home

Blog Archive

  • ►  2013 (1)
    • ►  June (1)
  • ►  2012 (60)
    • ►  December (2)
    • ►  November (1)
    • ►  October (3)
    • ►  September (3)
    • ►  August (4)
    • ►  June (6)
    • ►  May (10)
    • ►  April (5)
    • ►  March (8)
    • ►  February (15)
    • ►  January (3)
  • ▼  2011 (169)
    • ►  December (4)
    • ►  November (29)
    • ▼  October (104)
      • အမေရိကန်အရှေ့မြောက်ပိုင်းသို့ နှင်းမုန်တိုင်း ၀င်...
      • ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ...
      • နေရာ ခုနစ်ခုတွင် ပုဂ္ဂလိက ဘဏ်လေး ခုက ငွေလဲကောင်တာမျ...
      • ပြည်ပတွင်နိုင်ငံခြားငွေရရှိ ရန် လုပ်ကိုင်နေသူများအ...
      • ရာသီဥတု ဆိုးဝါးနိုင် မဲ့စာရင်းထဲ မြန် မာနိုင်ငံပါ
      • ပုဂ္ဂလိကဘဏ်များ နိုင်ငံခြားဘဏ်လုပ်ငန်းများကို ၂၀၁၂ ...
      • အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ထမ်းဆောင်ခွင့်ရရန်အတွက် မြန်မာ...
      • Belo Monte ရေကာတာ ဆောက် တာရပ် ရန် တောင်းဆို
      • ထိုင်းနိုင်ငံ ရေကြီးမှုတစ်လကျော် အထိ ကြာမြင့်နိုင်
      • ဒဂုံဆိပ်ကမ်း တောင်သူလယ်သမား ၄ဝကျော် အိုးအိမ်ဦးစီးဌ...
      • မြေကြီးအောက် မီတာ ၃၀ဝ အထိတည်ဆောက်မဲ့ အဆောက်အအုံ
      • နှစ် ၁ဝဝကျော် သက်တမ်းရှိ ဝန်ကြီးများရုံး ယဉ်ကျေးမှု...
      • ကဒါဖီ၏ လျှို့ဝှက်ငွေကြေးဒေါ်လာ ဘီလျံ ၂၀ဝ ကျော်ရှိမည...
      • (WFP)မှ အမေရိကန် ဒေါ်လာသန်း၄၀တန်ဖိုး ရှိသော စားနပ်ရ...
      • အင်ဒိုနီးရှားဝန်ကြီး မြန်မာပြည်ရောက်
      • အခွန်ငွေကြောင့် တရုတ်နိုင်ငံအရှေ့ပိုင်းမှာ အဓိကရုဏ...
      • ၂၀၁၁ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆန် မြန်မာနိုင်ငံ...
      • ဘဏ်အပ် ငွေအာမခံထားသည့် စနစ်စတင် ဝန်ဆောင်မှုပေး
      • Samsung Nexus မိုဘိုင်းလ်ဖုန်းအား နိုဝင်ဘာလတွင် စတ...
      • သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ပျိုးခြံများ နု...
      • အင်တာနက်တိုက်ခိုက်မှု မြန်မာထိပ်ဆုံး စာရင်းဝင်
      • စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရန် စောသေးကြောင်းေ...
      • ကရင်ပြည်နယ် မြ၀တီမြို့ ဗုံးတလုံးပေါက် ကွဲ
      • ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန် -ဒလဆက်သွယ်သည့် ကောင်း...
      • ကမ္ဘာ့ပထမဆုံး အာကာသလေဆိပ်ကို နယူး မက္ကဆီကို ပြည်နယ...
      • ဇာဂနာ ထောင်ဝင်စာ လိုက်ပို့
      • G-Talk ကနေ တေးသီချင်းများ ထုတ်လွှင့်မှုနား ဆင်နိုင်
      • နိုင်ငံခြားငွေလဲကောင်တာ Money Changer Counter အခု ...
      • တူနီးရှားရွေးကောက်ပွဲ တခဲနက်မဲပေး
      • တူရကီနိုင်ငံတွင် အောက်တိုဘာလ ၂၃ ရက်က ပြင်းအား ၇ ဒသ...
      • ရန်ကုန်မြို့တွင်ယာဉ်ရပ်နားစခန်း အသစ်များ တိုးချဲ့ရ...
      • အောက်တိုဘာ လကုန်ပိုင်းမှာလည်း မုန်တိုင်းထပ်ဖြစ်နို...
      • petro chemical စက်ရုံများ ပါဝင်လာမည့်ထားဝယ် အထူးစီ...
      • စင်ကာပူနိုင်ငံတွင် လူကုန်ကူးခံရ သည့် အမျိုးသမီးများ
      • ပခုက္ကူ ရေကြီးမှု နောက်ဆက် တွဲ
      • အာဆီယံ-တရုတ်ကုန်သွယ်ရေး ယွမ်ငွေသုံးဖွယ်ရှိ
      • မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဆက်လုပ်ဖို့ ဂျပ...
      • ရေအောက်အင်တာနက်လိုင်း ယာယီပြတ်တောက်
      • ဆော်ဒီအိမ်ရှေ့မင်းသား ကွယ်လွန်
      • လစ်ဗျားလွတ်မြောက်ရေးနေ့ မကြာခင် ကြေညာမည်
      • ပြည်တွင်း အင်တာနက်ကို ပြည်ပ နိုင်ငံများမှ ပညာရှင် ...
      • မြန်မာ ကိုရီးယားဖက်စပ်မြို့ တည်မယ်
      • ရမည်း သင်းမြို့နယ်၊ မိုးထိ မိုးမိဒေသ၊ ရွှေစင်တောင်၊...
      • တာတာ ကားကုမ္ပဏီမှ ထုတ်လုပ်သော ကားပြပွဲ ရန်ကုန်မြို...
      • ကဒါဖီ ဇာတ်သိမ်းအပေါ် မြန်မာများ သံဝေဂယူ
      • မုန်တိုင်းကြောင့် စစ်တွေတွင် အိမ်ခြေ အနည်းဆုံး ၄ဝ ...
      • ဂဒါဖီ သေဆုံးရတဲ့ အကြောင်းရင်း
      • ဘန်ကောက်လူထု ရေလွတ်ရာ ပစ္စည်းရွှေ့ဖို့ အစိုးရတိုက်တွန်း
      • ပခုက္ကူ ရွှေချောင်းရေကြီးမှု သေဆုံးသူ ၅၃ ဦးတွေ့ရှိ
      • မြန်မာကတိတည်ဖို့ တရုတ်တိုက်တွန်း
      • လစ်ဗျား ခေါင်းဆောင်ဟောင်း မိုမာကဒါဖီ သေဆုံးသွားခဲ့...
      • ထိုင်းနိုင်ငံ ဘန်ကော်မြို့တော်ထဲကို ဝင်လာနေတဲ့ ရေေ...
      • မြန်မာ ကျပ်ငွေနှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းထား ...
      • ဘဏ်အကောင့်ပြငွေအတွက် ကားဝန်ဆောင်မှု ကုမ္ပဏီအချို့က စ...
      • ရခိုင်မြောက်ပိုင်းသို့ မုန်တိုင်းငယ် ဝင်နိုင်ဟု သတ...
      • ခြင်ကြောင့်ဖြစ်တဲ့ ငှက်ဖျားရောဂါ နိုင်ငံတချို့မှာ ...
      • ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့ထဲ ရေမ၀င်အောင်ထိုင်းစ...
      • မြန်မာအစိုးရစစ်တပ်တွေဟာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌ...
      • Apple ကုမ္ပဏီရဲ့ iPhone 4sသုံးရက် အတွင်းမှာ လေးသန်း...
      • မြန်မာပြည်မြောက်ပိုင်း တရုတ် မြန်မာနယ်စပ် တလျောက်သ...
      • ဂျပန်နိုင်ငံကဖွံ့ဖြိုးမှု ဆိုင်ရာ အကူအညီ(ODA)ကို မြ...
      • နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ရန် ဘန်ကီမွန်း တိ...
      • တရုတ်နိုင်ငံဟာ အသာစီးရဖို့အတွက် နိုင်ငံတကာ ကုန်သွယ...
      • iPhone 4S ၀ယ်ယူနိုင်ပြီ
      • ကမ္ဘာ့မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေပြုလုပ်
      • ဂန္ဓမာ လက်ကား ဈေးကြီးကို ဖွင့်လှစ် ရောင်းချလျက် ရှိ
      • ဧရာဝတီမဂ္ဂဇင်းက ဦးဟန်ညောင်ရွှေကို ဆက်သွယ်မေးမြန်းထား...
      • မြန်မာနိုင်ငံတွင်း ပြောင်းလဲမှုများကို အိန္ဒိယ အသိအမ...
      • တရုတ်ပြည်အကြောင်း ဘယ်လောက်သိသလဲ (၃)
      • နို င်ငံရေးအကျဉ်းသား ၃၀၀ ကျော်လွှတ်ပေးမှာဖြစ်ကြောင်း
      • တရုတ်ပြည်အကြောင်း ဘယ်လောက်သိသလဲ (၂)
      • အကျဉ်းသား (၆၃၅၉) ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြု...
      • တရုတ်ပြည်အကြောင်း ဘယ်လောက်သိသလဲ (၁)
      • Super Custom ကားများကို စက်မှုဇုန် ထုတ်ကား ဟုဆိုကာ ...
      • မြန်မာစစ်အစိုးရ၊ ပြည်ကြီးတရုတ်နှင့် နာကျင်နေသော ခံ...
      • တရုတ်လောင်းရိပ်အောက်မြို့တော် (
      • စပါးဈေးနှုန်းမှာလည်း မြင့် တက်နေ
      • မြန်မာနိုင်ငံ၏ ငွေကြေးမူဝါဒ ကို နိုင်ငံတော်ဗဟိုဘဏ်...
      • သိမ်းငှက်ကမ္ဘာကုမ္ပဏီ (Falcon Global Co., Ltd.) အား...
      • ကုမ္ပဏီများနှင့် ပြည်ပရောက် မြန်မာလုပ်သားများ ကားသွ...
      • (Myanmar Operating System) သာလွန်
      • Wi-Fiအသစ်ဖြစ်လာမယ့် Li-Fi
      • ပြောင်းလဲမှု အကြား သတိ ထားရမယ့် ကား
      • မြန်မာနိုင်ငံအစိုးရပိုင်ဘဏ် ၂ ခုတရုတ် နိုင်ငံနှင့်...
      • မန္တလေးတိုင်း အမရပူရမြို.လူ ၄၀၀ ခန့် အစာအဆိပ်သင့်
      • တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဦးခင်ဇော်နှင့် အစိုးရအဖ...
      • မဲဆောက်-မြဝတီ ကုန်သွယ်ရေး ပြန်ဖွင့်ရန် မျှော်လင့်
      • ဒု သမ္မတ တရုတ်ပြည်သွားမည်
      • ထိုင်းဝန်ကြီးချုပ် ခရီးစဉ်အတွင်း ကုန်သွယ်ရေးနှင့်...
      • CPI တရားစွဲလျှင် စာချုပ်ပါအချက်များ အများပြည်သူကို...
      • ပြည်မြန်မာ ကုန်တိုက် အတွင်းရှိ ဆိုင်ခန်း များကို ရ...
      • ထိုင်းဝန်ကြီးချုပ်သစ် မြန်မာနိုင်ငံခရီးစတင်
      • ပုဂ္ဂလိကဘဏ်များ အေတီအမ် (Automatic Teller Machine-A...
      • နိုင်ငံသားတိုင်း မိမိ၏ ယုံကြည်ချက် ထင်မြင်ယူဆချက်...
      • နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ရပိုင်ခွင့် ၃...
      • လေဆိပ်၊ ဈေး၊ ကုန်တိုက်၊ ရှော့ပင်းစင်တာ ကဲ့သို့သော...
      • ကားဟောင်းများ ပါမစ်ပေး၍ လဲလှယ် ပေးရာတွင် ကားသစ် လဲ...
      • မိုဘိုင်းဆိုင် အများစုန အရစ်ကျစနစ်ဖြင့် ရောင်းချြ
      • နိုင်ငံသား အဖြစ် သတ်မှတ်ပုံ( လူဝင်မှု ကြီးကြပ်ရေး ...
      • 'ဝ' အထူးဒေသ (၂) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ...
    • ►  September (32)

Total Pageviews

Popular Posts

Picture Window theme. Powered by Blogger.