11 October 2011

နို င်ငံရေးအကျဉ်းသား ၃၀၀ ကျော်လွှတ်ပေးမှာဖြစ်ကြောင်း

 မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်များမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခံရသူ အကျဉ်းသား ၆,၃၅၉  ဦးအနက် နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်ကို ဗုဒ္ဓဟူးနေ့မှ စတင် လွှတ်ပေးမှာဖြစ်ကြောင်း
 မြန်မာ အကျဉ်းဦးစီးဌာနနှင့် နီးစပ်သော သတင်းရပ်ကွက်တခုက ပြောသည်။

မြစ်ကြီးနားထောင်တွင် ၃၅ နှစ် ထောင်ဒဏ်ကျခံနေရသူ ဟာသသရုပ်ဆောင် ဇာဂနာ၊ စစ်ကိုင်းတိုင်း ခန္တီး အကျဉ်းထောင်တွင် ထောင်ဒဏ် ရှစ်နှစ် ကျခံနေရသော အလုပ်သမားအရေး လှုပ်ရှားသူ ဒေါ်စုစုနွေး၊ ရခိုင်ပြည်နယ် စစ်တွေ အကျဉ်းထောင်တွင် ထောင်ဒဏ် ၁၀၆ နှစ်ကျခံနေရသော အသက် ၇၅ နှစ်အရွယ်ရှိ ရှမ်းပြည်မြောက်ပိုင်း တပ်မတော်မှ ဗိုလ်ချုပ်ဆေထင်တို့ ပါဝင်သည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

source: Mizzima

No comments:

Post a Comment