28 October 2011

(WFP)မှ အမေရိကန် ဒေါ်လာသန်း၄၀တန်ဖိုး ရှိသော စားနပ်ရိက္ခာ မက်ထရစ် တန် ၅၂၀ဝ၀ ကို မြန်မာနိုင်ငံ သို့ကုမည်



ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ၂၀၁၂ ခုနှစ်တွင် အမေ ရိကန် ဒေါ်လာ သန်း ၄၀ တန်ဖိုး ရှိသော စားနပ်ရိက္ခာ မက်ထရစ် တန် ၅၂၀ဝ၀ ကို
ပြည်တွင်းရှိ လူဦး ရေ ၂ သန်းထံသို့ ဖြန့်ဝေရန် စီစဉ် ထားကြောင်း ကြေညာချက်ထုတ် ပြန်လိုက်သည်။

"အကူအညီတွေ ထိရောက်ဖို့ Planning ကောင်းကောင်းတွေ လို တယ်ဗျ။ အဲဒီလို Planning ရှိပြီ ဆိုရင် ပူးပေါင်းဆောင်ရွက်ဖိုှို့နေ ရမယ်။ အခု ချင်းပြည်နယ်မှာ လူ တွေ ဆင်းရဲတယ်။ စားနပ်ရိက္ခာ မလုံလောက်ဘူး။ ဟုတ်ပြီ။ အဲဒါ အမှန်ပဲ။ ဒါပေမယ့် ဘယ်လောက် အတိုင်းအတာအထိ မလုံလောက် တာလဲဆိုတာစာရင်းကအတိအကျ မရှိဘူး။ စစ်တမ်းတွေထွက်လာဖို့ ဌာနဆိုင်ရာ အကူအညီတွေ လို တယ်"ဟု ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်တာဝန်ထမ်းဆောင်နေသူ ကိုမိုးဝင်းအောင်က ပြောသည်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် က စားနပ်ရိက္ခာမလုံလောက်မှုတွေ ကြုံတွေ့ ခံစားနေရသူများအတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကယ်ဆယ်ရေး၊ပြန်လည်ထူထောင ရေးနှင့်ခံနိုင်စွမ်းရှိရေးတို့ကို လုပ်ငန်း မဏ္ဍိုင်သုံးရပ်အဖြစ် သတ်မှတ် ထားသည်။ "မြန်မာနိုင်ငံတွင်ကမ္ဘာ့ စားနပ် ရိက္ခာအစီအစဉ်သည် အချို့တဲ့ဆုံး လူအုပ်စုများ၏ နေ့စဉ်ဘဝနေထိုင် မှု၊ အာဟာရပြည့်ဝမှု အဆင့်နှင့် အခြေခံ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်စေရန် လုပ်ငန်း အမျိုးမျိုး ဆောင်ရွက်နေသည်" ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် မြန်မာ နိုင်ငံဒါရိုက်တာ ဃမေူသျ ဠနူသျသ က ပြောသည်။
"Food For Education (ပညာရေးအတွက် စားနပ်ရိက္ခာ) အစီအစဉ်ဖြင့်ဆင်းရဲနွမ်းပါးမိသားစု ၏ ကလေးများ ကျောင်းထားနိုင် ရေး၊ Food For Work (လုပ်အား အတွက် စားနပ်ရိက္ခာ) အစီအစဉ် ဖြင့် စားနပ်ရိက္ခာမလုံလောက်သော နယ်မြေများတွင် ရာသီအလိုက် ဝင်ငွေရရှိနိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးနေခြင်းသည်နိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှု သံသရာကို ချိုးဖျက်နိုင်ရန် ကာလရှည်တာဝန် ယူ ဆောင်ရွက်မှု၏ တစ်စိတ်တစ် ဒေသပင် ဖြစ်ကြောင်း" Carlos Veloso က ဆက်ပြောသည်။ ချင်းပြည်နယ် မှာWFP က လမ်းဖောက်ပေးတယ်။ လုပ်အား လာပေးတဲ့ချင်းလူထုကို ဆန်ပေး တယ်။ Food For Work ပေါ့။ Food For Training ဆိုတာ လည်း ရှိတယ်။ ကျန်းမာရေး ဗဟု သုတ သင်တန်းတွေခေါ်ပြီး လာ တက်တဲ့သူတွေကို ဆန်ပေးတယ်။ Food For Education ကျတော့ ကလေးတွေက ကျောင်းနေချိန်မှာ ကျောင်းတက်ရမယ့်အစား မိသားစု စားဝတ်နေရေးအတွက် ဝင်လုပ်ပေး နေရတယ်။ အဲ့ဒီအတွက် ကျောင်း လာတက်အောင် ဆွဲဆောင်ပြီး တော့ ကျောင်းလာတက်ရင် အစား အစာပေးတာမျိုးပါ" ဟု ချင်းပြည် နယ်ရှိ OCHA (ကုလသမဂ္ဂလူသား ချင်းစာနာမှု အကူအညီပေးရေး ဆိုင်ရာပေါင်း စပ်ညှိနှိုင်းပေးမှုရုံး) တွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးက ပြောသည်။
လာမည့်နှစ်များတွင် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်သည် သက် ဆိုင်သူအားလုံးနှင့် ပူးပေါင်းလျက် လုပ်ငန်းအမျိုးမျိုး ဆောင်ရွက်ပြီး မြန်မာနိုင်ငံရှိ သဘာဝ ဘေး အန္တရာယ် ကျရောက်လေ့ရှိသော နယ်မြေဒေသများ သို့မဟုတ် ဝေး လံသောနယ်မြေဒေသများတွင် နေ ထိုင်ကြသည့် ဘဝရပ်တည်ရန် ခက်ခဲသူများအတွက် စားနပ်ရိက္ခာ ရရှိနိုင်မှုနှင့် အခြေခံစီးပွားရေးလုပ် ငန်းများလုပ်ကိုင်နိုင်မှုတို့ တိုးတက် ကောင်းမွန်စေရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ှsource: Venus News ; (Yoyarlay)

No comments:

Post a Comment