3 October 2011

'ဝ' အထူးဒေသ (၂) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ပြည်ထောင်စုမှ ခွဲထွက်မည် မဟုတ်ကြောင်း

ဝ' အထူးဒေသ (၂) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ပြည်ထောင်စုမှ ခွဲထွက်မည် မဟုတ်ကြောင်း၊ တိုင်းပြည်ပြိုကွဲအောင် မည်သည့်အခါမျှ ပြုလုပ်လိမ့်မည် မဟုတ်ကြောင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရေရှည်ဆက်လက်ထိန်းသိမ်း၍ နယ်စပ်ဒေသတည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် ဦးရှောက်မိန်လင့် က ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပညာရေး၊ ကျန်းမာရေး၊ နှစ်ဖက်ဆက်ဆံရေးရုံးများ ပြန်လည်ဖွင့်လှစ်ရေး၊ ဝန်ထမ်းများ ပြန်လည်တာဝန်ပေးစေလွှတ်ရေး၊ မူးယစ်ဆေးဝါးပပျောက်အောင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးအခြေခံလုပ်ငန်းများ စီမံဆောင်ရွက်ပေးရေး ကိစ္စများကို နှစ်ဦးနှစ်ဖက် ဆွေးနွေးပြီး သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရသည်။

http://www.news-eleven.com

No comments:

Post a Comment