“တရားစွဲဖို့ စီစဉ်ထားတဲ့သူ စုစုပေါင်း ၂၀ ကျော်ရှိပါတယ်။ သက် ဆိုင်ရာ အကြီးအကဲ တွေဆီကို လည်း အသနားခံစာ တင်ထားပါတယ်။ ကျွန်မ တို့က ဒီကားတွေကို စက်မှုဇုန် ထုတ်ကား မှတ်လို့ ဝယ်ခဲ့တာ။ စက်မှုဇုန်တွေက လည်း မသိနားမလည်တဲ့ ကျွန်မတို့လို ပြည်သူတွေကို လှည့်ဖြားရောင်းချခဲ့ကြ တယ်။ ဒါကြောင့် အမှန်တရား ပေါ် ပေါက်လာ အောင် တရားစွဲဖို့စီစဉ်တာပါ။ အားလုံးက ကိုယ်ဝယ်ထားတဲ့ ကားထုတ် တဲ့ စက်မှုဇုန်ကား ကုမ္ပဏီတွေအလိုက် သက်ဆိုင်ရာမြို့နယ် တရားရုံးတွေမှာ ဦးတိုက် လျှောက်ပြီး တရားစွဲကြမှာပါ” ဟု ဒေါ်ခက်ခက်ကျော်က ရှင်းပြသည်။ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ စက်မှုဇုန် (၂)ရှိ နှင်းကေသွယ် စက်မှုဇုန် မှ ထုတ်လုပ်သော ယာယီနံပါတ် (၇က) ၅၈၈၄/၁၁ တပ်ဆင်ထားသည့် Super Custom ကားကို ကျပ်သိန်း ၃၀ဝ ဖြင့် လွန်ခဲ့သော လအနည်းငယ်က ဝယ်ယူမိ ခဲ့ကြောင်း၊ သို့ရာတွင် မြန်မာ့စက်မှုလုပ် ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက Super Custom ကားဒဏ်ရိုက်ချိန်တွင် ဇုန်များက တာဝန်ယူရန် ငြင်းဆန်ကြ ကြောင်း ဒေါ်ခက်ခက်ကျော်က ပြောဆိုသည်။
“ကျွန်မ စက်မှုဇုန်ကနေ တိုက်ရိုက် ဝယ်ခဲ့တာတော့ မဟုတ်ပါဘူး။ တစ်ဆင့် ပြန်ဝယ်တာ။ ဘယ်လိုပဲ ဝယ်ဝယ်ပါ။ ဝန်ကြီးဦးစိုးသိန်းက အဓိက တာဝန်ယူ ရမှာက ဇုန်တွေက တာဝန်ယူရမယ်လို့ ပြောထားတဲ့ အတွက် ဇုန်ကို တာဝန်ယူ ပေးဖို့ တောင်းဆိုတယ်။ ဇုန်ဘက်က လည်းသူတို့မှာ အခက်အခဲရှိလို့ မယူနိုင် ဘူးဆိုတဲ့ အကြောင်းငြင်းပါတယ်” ဟု ၎င်းက ပြောကြားသည်။ ယာယီနံပါတ်ရ Super Custom ကားများကို မြန်မာ့စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီက တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၁၃çဝ၀ဝ မှ ၂၀çဝ၀ဝ အထိဒဏ်ရိုက်ခဲ့ပြီး ယင်းဒဏ်ရိုက်မှုများ ကို ကားထုတ်လုပ်သော ဇုန်ကားကုမ္ပဏီ များကသာ တာဝန်ယူရမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီ၏ဥက္ကဋ္ဌ စက်မှု (၁) နှင့် စက်မှု (၂)ဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ပြောဆိုခဲ့သော် လည်း ဇုန်ကားကုမ္ပဏီများက လုံးဝ တာဝန်ယူခြင်းမရှိသဖြင့် ယာယီနံပါတ် ရ Super Custom ကား ရာပေါင်းများစွာ မှာ လိုင်စင်မဲ့ကားများအဖြစ် ရောက်ရှိ ဖွယ်ရှိကြောင်း ကားဝယ်ယူထားသူအများစု က တညီတညွတ်တည်းပြောဆိုကြသည်။
“တချို့ကားဝယ်ထားတဲ့သူတွေ က ပိုက်ဆံတတ်နိုင်တော့ ဇုန်ကား ကုမ္ပဏီက တာဝန်မယူပေမယ့်လည်း သတ်မှတ်တဲ့ ငွေတန်ဖိုးသွင်းပြီး ကားကို လိုင်စင်ရအောင် လုပ်သွားကြတယ်။ ပိုက်ဆံ မရှိဘဲ ချွေးနှဲစာနဲ့ စုဆောင်း ကားဝယ်သူတွေကတော့ သတ်မှတ်ဒဏ် ကြေးလည်းလုံးဝမဆောင်နိုင်ပါဘူး” ဟု နေပြည်တော် ပျဉ်းမနား ကျီအင်း ကျေးရွာနေ Super Custom ကား ဝယ်ယူ ထားသူ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ရှင်းပြသည်။ စက်မှုဇုန်ကားထုတ်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိ သူတစ်ဦးက တရားစွဲ ဆိုမှုများရှိလာခဲ့လျှင် ရင်ဆိုင်ဖြေရှင်း သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
“တရားစွဲဆိုတာတွေဖြစ်လာရင် အမှန်တရားတစ်ခုတော့ပေါ်လာမှာပေါ့။ ဇုန်ကား ကုမ္ပဏီတွေဘက်ကလည်း သူတို့ လုပ်ဆောင်ရတဲ့ လုပ်ငန်းအဆင့်အဆင့် ကို တရားရုံးမှာ ရှင်းပြကြမှာပဲ” ဟု အဆိုပါ တာဝန်ရှိသူကဆိုသည်။ Super Custom ကားများကို နယ် စပ်နှင့် ဆိပ်ကမ်းများမှ တစ်ဆင့် တရား မဝင် တင်သွင်းခဲ့ကြခြင်းဖြစ်ပြီး ယင်း သို့တင်သွင်းမှုကြောင့် ပြည်သူ့ဘဏ္ဍာ ကျပ် ဘီလီယံချီ ဆုံးရှုံးလျက်ရှိကြောင်း အကောက်ခွန် ဝန်ဆောင်မှုကုမ္ပဏီအသိုင်း အဝိုင်းက တရားဝင်ထုတ်ဖော်ပြောဆို ကြသည်။
No comments:
Post a Comment