17 October 2011

ဂျပန်နိုင်ငံကဖွံ့ဖြိုးမှု ဆိုင်ရာ အကူအညီ(ODA)ကို မြန်မာနိုင်ငံသို့ မကြာမီ ပြန်ပေးတော့မည်

ဂျပန်နိုင်ငံက အချိန်ကြာမြင့်စွာရပ်ဆိုင်းထားသည့် ဖွံ့ဖြိုးမှု ဆိုင်ရာ အကူအညီ(ODA)ကို မြန်မာနိုင်ငံသို့ မကြမီ ပြန်ပေးတော့မည် ဖြစ်သည်။ ယင်းအစီအစဉ်ကို ဂျပန်သို့ ရောက်ရှိနေသော မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏ မောင် လွင်နှင့် တွေ့ဆုံချိန်၌ ဂျပန်နိုင်ငံခြား ရေးဝန်ကြီး Koichiro Ganba က ပြောဆိုခြင်းဖြစ်ပြီး အောက်တိုဘာ၂၁ ရက်တွင် တရားဝင် ကြေညာရန်ရှိကြောင်း အဆာဟိ ရှင်ဘွန်း သတင်း က ဖော်ပြထားသည်။ ODA ပြန်လည်ပေးရန် အစီ အစဉ် သည် မကြာသေးမီက အကျဉ်းသားများ လွှတ်ပေး ခြင်း အပါအ၀င် မြန်မာနိုင်ငံ၏ ဒီမိုကရေစီသို့ ရှေးရှုသည့် ခြေလှမ်းများ ကြောင့် ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံ၏ အကူအညီများကို၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း နောက်ပိုင်း နှင့်၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပွားပြီး နောက်ပိုင်း ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။
source:irrawaddy

No comments:

Post a Comment