14 October 2011

ဂန္ဓမာ လက်ကား ဈေးကြီးကို ဖွင့်လှစ် ရောင်းချလျက် ရှိ


လက်ကားဈေးဆိုပြီး အများ ဝယ်ယူတာကိုပဲရောင်းမှာမဟုတ်ပါ ဘူး။ တစ်ခုချင်းစီ လက်လီဝယ်ရင် လည်းရတယ်။ ဈေးနှုန်း ကတော့ အများဝယ် ဈေးရယ်၊ တစ်ခုချင်း ဈေးရယ်ဆိုပြီး ခွဲခြားထားတယ်။ ပစ္စည်း တစ်မျိုးကို ဈေးနှုန်းသုံးမျိုး သတ်မှတ်ပြီး ရောင်းချတယ်”ဟု ယင်းပုဂ္ဂိုလ်မှ ပြောသည်။
အဆိုပါဈေး၌ ပြည်တွင်း၊ ပြည် ပ ထုတ်ကုန်ပစ္စည်းများ၊ လျှပ်စစ် ပစ္စည်းများ၊ အစားအစာနှင့် အသီး အနှံများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊လက်မှုပစ္စည်း များ၊ အားကစား ပစ္စည်းများ၊ အဝတ်အထည်များနှင့် ကလေး ကစားစရာ ပစ္စည်းများကို လက်လီ လက်ကားရောင်းချပြီးအထူးသဖြင့် ပြည်တွင်းထုတ် လူသုံးကုန်ပစ္စည်း များကို အဓိကရောင်းချပေးသွား မည်ဖြစ်သည့်အပြင် ပြည်ပနိုင်ငံ များမှ ထုတ်လုပ်သည့် လူသုံးကုန် ပစ္စည်များကို လည်း မှာယူတင် သွင်းရောင်းချပေးလျက်ရှိသည်။
“ပြည်တွင်းထုတ် ကုန်ပစ္စည်း တွေကို အဓိကထား ရောင်းချပေး သွားမှာပါ”ဟု အထက်ပါ တာဝန် ရှိသူက ပြောသည်။ ဈေးဝယ်လာသူများ သွားလာ မှု အဆင်ပြေစေရန်အတွက်လည်း Shuttle Bus လေးစီးဖြင့် ဂန္ဓမာ လက်ကားဈေးကြီးမှ သာကေတရှိ Capital Hyper Mart၊ မြေနီကုန်း ရှိ Dagon Center ၊ ပန်းဆိုးတန်း ရှိ Ruby Mart နှင့် ယုဇနပလာဇာ စသည့် နေရာများသို့ တစ်နေ့ နှစ်ကြိမ် ကြို/ပို့ ပေးလျက်ရှိသည်။ ထို့ပြင် အဆိုပါ ဈေး၌ ရောင်း ချလျက်ရှိသော ကုန်ပစ္စည်းအမျိုး အစားနှင့် ဈေးနှုန်းများကို အွန်လိုင်း မှတစ်ဆင့် ဖော်ပြပေးသွားမည် ဖြစ် ပြီး နယ်မှ မှာယူလိုပါက ဖုန်းဖြင့် ဆက်သွယ်ဝယ်ယူနိုင်သည်ဟု အ ထက်ပါတာဝန်ရှိသူကပြောသည်။ ၄င်းဈေးအား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်မှ ဖွင့်လှစ်ထားခြင်း ဖြစ်သည်ဟု ဦးပိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရန်ကုန်မြို့၊ ဂန္ဓမာ လမ်းနှင့် ဝေဇယန္တာ လမ်းထောင့်၌ ဂန္ဓမာ လက်ကား ဈေးကြီးကို အောက်တို ဘာလ ၄ ရက်က စတင် ဖွင့်လှစ် ရောင်းချလျက် ရှိရာ အဆိုပါဈေး၌ လူသုံးကုန်ပစ္စည်းများမှအစ မော်တော်ကား များ ပါ ဝယ်ယူ နိုင် ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
source: yoyarlay

No comments:

Post a Comment