5 October 2011

လေဆိပ်၊ ဈေး၊ ကုန်တိုက်၊ ရှော့ပင်းစင်တာ ကဲ့သို့သော အများ ပြည်သူ သွားလာလုပ်ကိုင်မှု များပြားသည့် နေရာများတွင်လည်း နိုင်ငံခြားငွေ လဲလှယ်ရေးစင်တာများ ဖွင့်လှစ်သွားရန် အစီအစဉ်ရှိေ

ထိုသို့ ဖွင့်လှစ်ရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကလည်း နိုင်ငံခြားငွေ လဲလှယ်ခွင့်လိုင်စင် ရထားသည့် ဘဏ်ခြောက်ဘဏ်သို့ ခွင့်ပြုပေးထားကြောင်းနှင့် ဘဏ်ခြောက်ဘဏ်မှ တတ်နိုင်သည်ဆိုပါက နယ် မြို့များအထိပင်တိုးချဲ့ဖွင့်လှစ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

“အများပြည်သူ သွားလာ လုပ်ကိုင်မှု များတဲ့နေရာတွေမှာ ဥပမာ လေဆိပ်၊ ကုန်တိုက်၊ ရှော့ ပင်းစင်တာနဲ့ဈေးတွေမှာထပ်ဖွင့်ဖို့ အစီအစဉ်ရှိတယ်။ ဈေးဆိုလည်း သိမ်ကြီးဈေးလို ဈေးမျိုးမှာ ဖွင့်ဖို့ စီစဉ်ထားတယ်။ အလွယ်တကူလဲ လှယ်လို့ရအောင်ဖွင့်သွားမှာပါ”ဟု သိမ်ဖြူနိုင်ငံခြားငွေလဲလှယ်ရေးစင် တာ ကြီးကြပ်ရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

စတင်ဖွင့်လှစ်သည့်အချိန်မှ စ၍အောက်တိုဘာလ ၄ ရက်နေ့ အထိ ယူရိုနှင့် စင်ကာပူဒေါ်လာများ အား အ၀ယ်ဈေးဖွင့်လှစ်ကာဝယ်ယူမှု ရှိသော်လည်းပြန်လည်ရောင်းချခြင်း မရှိကြောင်း၊ အမေရိကန်ဒေါ်လာ နှင့် င်္နဃ တို့ကိုသာ ရောင်းဝယ်မှုပြု ကြောင်းလည်းသိရသည်။

အောက်တိုဘာလ ၁ ရက်နေ့ က အမေရိကန်တစ်ဒေါ်လာ ကျပ် ၈၃၀၊ FEC တစ်ယူနစ် ကျပ် ၈၃၀၊ ယူရိုအား ကျပ် ၁၀၈၀၊ စင်ကာပူ တစ်ဒေါ်လာ ကျပ် ၆၇၀ ဖြင့် ဘဏ် မှဝယ်ယူသည့်ဈေး ဖွင့်လှစ်ဝယ်ယူခဲ့ကြောင်း သိရသည်။

“အောက်တိုဘာလ ၄ ရက်နေ့ မှာတော့ အမေရိကန်ဒေါ်လာနဲ့ FEC ကတော့ တစ်ဒေါ်လာကို ကျပ် ၈၃၀ နဲ့ ဘဏ်က ၀ယ်ပါတယ်။ ၈၃၄ကျပ်နဲ့ပြန်ရောင်းပါတယ်။ ယူရို ကိုတော့ ကျပ် ၁၀၉၀ နဲ့ဝယ်ပေးပါ တယ်။ ပြန်ရောင်းပေးတာတော့ လောလောဆယ် မရှိသေးဘူး။ စင်ကာပူဒေါ်လာလည်း တစ်ဒေါ်လာကို ကျပ် ၆၃၀ နဲ့ဘဏ်က၀ယ်ပေးတယ်။ ပြန်ရောင်းပေးတာတော့ မရှိသေးဘူး”ဟု သိမ်ဖြူ နိုင်ငံခြားငွေလဲလှယ်ရေး စင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံခြားငွေ လဲလှယ်ခွင့်လိုင် စင်ရရှိထားသည့် ဘဏ်ခြောက်ဘဏ် အနေဖြင့်လည်း နိုင်ငံခြားငွေအား ဘဏ်မှဝယ်ယူသည့် ဈေးနှင့်ဘဏ်မှ ပြန်လည်ရောင်းချပေးသည့်ဈေး ကွာဟချက်အား ခုနစ်ကျပ်အတွင်း သာခွင့်ပြုထားကြောင်း၊ စတင်ဖွင့်လှစ်စဉ်က ၀ယ်ဈေးနှင့်ရောင်းဈေး ငါးကျပ်ကွာဟသော်လည်း ယခုအခါ ၀ယ်ဈေးနှင့်ရောင်းဈေးအား လေးကျပ်သာ ကွာဟချက်သတ်မှတ် ရောင်းဝယ်ပေးကြောင်း သိရသည်။

သိမ်ဖြူနိုင်ငံခြားငွေ လဲလှယ်ရေးစင်တာမှ ငွေလဲနှုန်းများ (အောက်တိုဘာလ ၄ ရက်နေ့)

နိုင်ငံခြားငွေ
ဘဏ်မှဝယ်ဈေး ဘဏ်မှရောင်းဈေး
အမေရိကန်ဒေါ်လာ
၈၃၀
၈၃၄
အက်ဖ်အီးစီ ၈၃၀ ၈၃၄
ယူရို
၁၀၉၀
-
စင်ကာပူဒေါ်လာ
၆၃၀ -

No comments:

Post a Comment